ရှမ်းရွာသစ် ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်း (၁)မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာကူးလူးသွားလာ နိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ဒေသ နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။ ထို့ပြင် တောင်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသထွက်ကုန်များအား အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ဝင်ငွေမြင့်မား လာပြီး လူမှုစီးပွားများစွာ ယခင်က ထက်တိုး တက်လာမည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုသည် လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်းတိုးတက်ပြောင်းလဲလာမည် ဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုအတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြု ရန်ပုံငွေကျပ် (၈၅.၇၀၆) သန်းဖြင့် မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၁)မိုင် ဖောက် လုပ်ခြင်းလုပ်ငန်းနှင့် Box Culvert (၄) ခု တည်ဆောက်ခြင်းလုပ်ငန်းကို စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)