ကော့သောင်း ဒီဇင်ဘာ ၃
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများလျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိရာ တနင်္သာရီတိုင်းဒေကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာတွင် Mega Gobal Green ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့်လုပ်ငန်းခွင်သို့ ကော့သောင်းခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဒီဇင်ဘာလ ၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကော့သောင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးစိုးဝေ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများသည် ကမ်းတောကျေးရွာ မီးလင်းရေးကော်မတီဝင်များ၊ အသေးစားစက်မှုလုပ်ငန်းရှင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရေရှည် တည်တံ့ရေးနှင့် ကျေးလက်ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင်အဆင်ပြေချောမွေ့စေရေး ညှိနှိုင်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါကမ်းတောကျေးရွာသည် ပင်လယ်ကျွန်းရွာတစ်ရွာဖြစ်ပြီး ကျေးရွာပြည်သူများမှာ ယခင်ကာလများက ပုဂ္ဂလိကမီးစက်မှ လျှပ်စစ်ဓာတ်အားသုံးစွဲနေခဲ့ရာမှ ယခုအခါဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား (၂၄)နာရီ သုံးစွဲခွင့်ရရှိကြပြီဖြစ်ရာ ယခင်ကထက်ဓာတ်အားခ ကုန်ကျမှုစရိတ် သက်သာလျက်ရှိကြောင်း၊ အဆိုပါမီးလင်းရေး စနစ်သည် ကမ္ဘာဘဏ်အကူအညီဖြင့် ဦးစီးဌာနနှင့်ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)