ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင် ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ သိရှိစေရန် ရည်ရွယ် ၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့  အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်

အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ အခြေအနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ်ချက် များနှင့် ပြစ်မှု၊ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင် ရေးအတွက် ဆောင်ရွက်မှုအခြေ အနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ ၊မသန်စွမ်း သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များနှင့် မသန်စွမ်းသူများအပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများနှင့် အမြင်သဘောထားများ စသည့် မသန်စွမ်း ဆိုင်ရာ သိကောင်းစရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သိရှိစေရန်ရည်ရွယ်၍ ပြထားဆောင်ရွက် ထားပြီးကြောင်း သိရှိရသည်။                                                                                                 

ရှမ်းရွာသစ်(ပြန်/ဆက်)