ဝေါ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့် လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက (Mask) နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ အိမ်ပြင်ပထွက်ခွာတိုင်း Mask ကို မဖြစ်မနေတပ်ရန် အရာဝတ္တုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့ နေအိမ်များကို လေဝင်လေထွက် ရှိအောင် လုပ်ကြပါ စသည့် ကြေညာချက်များကို ကိုယ်စီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း