ပုလော ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွား မိဘပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထက်အောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများက ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသည့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) အခု (၁၀၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)