ညောင်တုန်း ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလူချောက ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ရှင်းပြောကြားကာ အခမ်းနားသို့တက်ရောက်လာကြသည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူစုစုပေါင်း (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။