ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဝေါ  ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask)  များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ပြီးမှ  သွားလာကြရန်၊  လက်ကိုမကြာခဏ ဆေးကြောရန်  ၊  ဟောင်းနွမ်း (Mask) များကို  မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို   ပြောကြားပြီး နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်းဖြင့်  နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေး စကားပြောကြားပြီး နှာခေါင်းစည်း (Mask) မပါလာသူများကို ဒဏ်ငွေ (၅၀၀) ဖြင့် (Mask) တပ်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း