သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် စာ‌ပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော အခက်အခဲနှင့် အောင်ပွဲစာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းက "ကျေးဇူးပြုသူ ဖြစ်စေချင်" ခေါင်းဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ပြည့်ဖြိုးသူက "သန်းကြွယ်သူဌေး ဖြစ်ချင်သလား" ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)