ကျေးလက်နေပြည်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုအဖြစ်ရပ်တည်နိုင်မည့် ဆိုင်ကယ်စက်ပြင် သင်တန်းအားကန်ကြီးထောင့်မြို့၌ဖွင့်လှစ်

                                                       ကန်ကြီးထောင့်     ဒီဇင်ဘာ     

ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင်စေရန် ရည်ရွယ်၍ပုသိမ်မြို့အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဦးကျော်စိုးနိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား လည်းကောင်း၊ ပုသိမ်အစိုးရ နည်းပညာ အထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဦးရဲမင်းထိုက်က သင်တန်းတွင်စာတွေ့ လက်တွေ့ပို့ချဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကယ်စက်ပြင်သင်တန်းသို့ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၂၂ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရပြီးသင်တန်းကာလမှာ ယခုလ၂ရက် နေ့မှ၂၂ ရက်နေ့ အထိဖြစ်သည်။

 

လှမင်းထွဋ်