ရွှေသောင်ယံ ဒီဇင်ဘာ ၂
ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံတွင် ယနေ့နေ့လယ်(၁)နာရီက ဟိုတယ်ဝန်ထမ်းများအား ပွင့်လင်း ရာသီတွင် ဟိုတယ်လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ သံသယကင်းရှင်းရေးကို ရှေးရှု၍ တာဝန်ရှိသူများမှRDT Test ဖြင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သို့ရာတွင် ရွှေသောင်ယံမြို့ရှိ ဟိုတယ်ဝန်ထမ်းများ(၄၇)ဦးနှင့် ရွှေသောင်ယံမြို့ရှိ ကိုယ်ဝန်ဆောင်မိခင် လောင်း (၁)ဦးတို့အား စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ အာလုံး(All Negative)အဖြစ်တူညီသော အဖြေများ ရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါသံသယကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် ပွင့်လင်းရာသီတွင် ဟိုတယ်လုပ်ငန်းများကောင်းစွာလည်ပတ်နိုင်ပြီး အပန်းဖြေလာရောက်ကြသောဧည့်သည်များ စိတ်အေး ချမ်းသာစွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ပြင်ဝန်ထမ်းအချင်းချင်း ယုံကြည်စိတ်ချစွာ ပူးပေါင်း ဆောင်ရွက်နိုင်ပြီး ဟိုတယ်လုပ်ငန်းများအောင်မြင် တိုးတက်ကာဒေသဖွဲ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉စ စ်ဆေးပေးရာသို့ ရွှေသောင်ယံမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမောင်