ကျွန်းစု ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ရေးနည်းလမ်းများကို နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော် တိုက်တွန်းပေးခဲ့ ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများ၊ နေအိမ်အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ်ကိုင်ရန်၊ လူစုလူဝေး ရှောင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးရန်၊ အလုံပိတ်ခန်းများကို အတတ်နိုင်ဆုံးရှောင်ရန် ၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေးပါရန်၊ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါရန်၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်မာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါ စသည်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စံပယ်ဖြူ(ကျွန်းစု)