ကော့ကရိတ်ခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၄.၁၆)ရာခိုင်နှုန်းနှင့် နိုင်ငံသား စိစစ်ရေးကတ် (၂၆.၆၇) ရာခိုင်နှုန်း ထုတ်ပေးပြီးစီး

ကော့ကရိတ် ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ မတ် ၅ ရက်နေ့မှ စ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း (၂၄.၁၆)ရာခိုင်နှုန်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၂၆.၆၇) ရာခိုင်နှုန်း ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး မှ သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဖို့ အတွက် ရပ်ကွက်(၁၁) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၃)အုပ်စုရှိပါတယ်။အဲ့ဒီထဲမှာမှ သွားလာရခက်ခဲတဲ့ ကျေး ရွာအုပ်စု (၁၂) အုပ်စုကိုတော့ ကွင်းဆင်းဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု အများစုကိုတော့ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ကျေးရွာအုပ်စုများသို့လည်း ယနေ့အထိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ကော့ကရိတ်မြို့နယ် အနေနဲ့တော့ ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေစာရင်း (၃၂.၁၁) ရာခိုင်နှုန်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၂၂.၃)ရာခိုင်နှုန်း ထုတ်ပေးပြီးစီးပြီဖြစ်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဖို့အတွက် ရပ်ကွက်(၁၆) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပါတယ်။ ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀) အုပ်စုကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ကျန်ရှိတဲ့ ကျေးရွာအုပ်စုများသို့လည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အနေနဲ့တော့ ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စု လူဦးရေစာရင်း (၈.၅၁)ရာခိုင်နှုန်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၂၀.၀၈) ရာခိုင်နှုန်း ထုတ်ပေးပြီးစီးပြီဟု ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝ န်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးအက်စ်လင်းရောင်က ပြောကြားသည်။

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးနေ မှုများကို ပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် အစည်း အဝေးများ ပြုလုပ်ခြင်း၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗွီနိုင်း ပိုစတာများ ချိတ်ဆွဲပြ သခြင်းများ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)