ပန်းတောင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မပျက်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ပန်းတောင်းမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်လမ်းကြား များတွင် (Hand Speaker) ဖြင့်လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့နှိုးဆော်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (mask)ကို စနစ် တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်း စည်း(mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာသော အခါ(mask)များကို စနစ်တကျစွန့်ပစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်ဆေးရန် နှင့် မိမိတို့နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့်ကျန်မာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လှည့်လည် တိုက်တွန်းနှိုး ဆော်မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)