ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၂            

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို အလွယ်တစ်ကူ သိရှိလေ့လာ လိုက်ပါဆောင်ရွက် နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အကအစီအစဉ်များကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြအစီအစဉ်၌ ရေကြည်မြို့နယ်(Fittness Dance)အကအဖွဲ့မှ အားကစားသမားများက ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားသည့် ဒီဇင်ဘာနှင့်လမ်းလျှောက်မယ် (Fittness Dance)သီချင်းနှစ်ပုဒ်ဖြင့် သရုပ်ပြ‌‌ခဲ့ကြကြောင်းသိရသည်။ဒေသခံပြည်သူများ ကိုယ်လက် လှုပ်ရှား အားကစားနည်းများကို အဆင်ပြေချောမွေ့စွာ လိုက်ပါလေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခံစွမ်းအားမြှင့်တင်ရေးနှင့် အားကစားပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်ရေး၊ ကျန်းမာစွာနေထိုင်နိုင် ရေးအတွက် ယခုကဲ့သို့ အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရေကြည်မြို့ နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက ပြောကြား ထားကြောင်းသိရှိရပြီး (Fittness Dance)အစီအစဉ်များကို သက်ဆိုင်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန လူမှုကွန်ရက်စာမျက်နှာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအ‌ခြေပြုဗဟိုဌာန လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်လေ့လာ၍ လိုက်ပါလေ့ကျင့် ဆောင်ရွက်နိုင်ကြောင်းသိရှိရသည်။