သာယာဝတီ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှု ဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဇီးပွဲကျေးရွာနှင့် ဒေါဝိ ကျေးရွာများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ရုံးမှ ဒုလဝကမှူး ဒေါ်အိအိစိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက နိုင်ငံသား ဖြစ်ခွင့်ရှိ သူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)