လက်ပံတန်း ဒီဇင်ဘာ ၂
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဘုန်းလှိုင်နှင့် ဌာနဆိုင်ရာများမှ ဈေးရောင်းချသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် နံနက်အာရုဏ်စျေး၊ ကျွန်းကလေးဈေးနှင့် မြို့မဈေးအတွင်း ဈေးရောင်း ချသူများနှင့် ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့်မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်ပြီး လက်ပံတန်းဘူတာရှေ့ ပတ်ဝန်းကျင်သန့်ရှင်ရေးနှင့် မြို့နယ်ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)