မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

အထက်မင်းလှ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊   မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင်           လွယ်ကူအဆင်ပြေချောမွေ့စေရန်နှင့် ဈေးကွက်သို့ လျှင်မြန်စွာတင်ပို့နိုင်ရန် ရည်ရွယ်၍    ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက စမ်းအိုင် ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် နေရာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လပတ်တွင် စမ်းအိုင်ကျေးရွာမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် နေရာသို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အခက်အခဲမရှိစေရန်နှင့် လွယ်ကူအဆင်ပြေစေရန်            အတွက် စမ်းအိုင်ကျေးရွာတွင် လမ်းအရှည် ၂ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းဖြစ်သည်။

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ရန် အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မင်းလှမြို့နယ် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်း များအား ရှင်းလင်းတင်ပြခဲ့ရာ   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက     ကျေးရွာနေ ပြည်သူများ၏ ရာသီအလိုက် စိုက်ပျိုးကြသည့် သီးနှံများထွက်ရှိပါက ဈေးကွက်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်‌ရေးအတွက် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံတောင်သူများအတွက် အကျိုးများစွာ    ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)