အ. ထ. က (တာလေ)၌ ဆေးလိပ် နှင့် ဆေးရွက်ကြီးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တာလေ    ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်း ကျောင်းရှိ ချယ်ရီခန်းမဆောင်၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းနှင့် ဆရာဆရာမများက ကျောင်းသား ကျောင်းသူ များသို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO: World Health Organization) က ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲနေမှုများကို တိုက်ဖျက်ရန်အတွက် ဆေးရွက်ကြီးထုတ်လုပ် နေမှုများကို ကန့်သတ်ထိန်းချုပ် နေခြင်းများ အားလည်းကောင်း၊ အနာဂါတ်၏ မျိုးဆက်သစ်များ ဖြစ်သည့် ကျောင်းသား လူငယ်များအနေဖြင့် ကျန်းမာရေးရပိုင်ခွင့်များ မဆုံးရှုံးစေရန် ဆေးလိပ်နှင့်ဆေးရွက်ကြီးကို မသုံးစွဲမိစေရန်နှင့် ပညာသင်ချိန်တွင် ပညာကိုသာ ကြိုးစားသင်ယူ ကြရန်နှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ခံစားရသည့် ဆိုးကျိုးများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲကို နှစ်စဉ် မေလ ၃၁ ရက်နေ့တွင် ပြလုပ်လျက်ရှိပြီး ယခုလို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ရခြင်းမှာ ပြည်သူလူထုအပေါ်မှာ ကျရောက်နေတဲ့ ဆေးရွက်ကြီးရဲ့ အန္တရာယ်ရှိနေတဲ့ အခြေအနေကို သိရှိနားလည်စေရန်နှင့် ကျောင်းသား လူငယ်များ အနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန် ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မိုး