လပွတ္တာ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာခရိုင်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာ နိုးဆော်ခြင်းများ ကို နေ့စဉ်ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက် (၈ ) နာရီအချိန်က ရပ်ကွက်များအတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက် ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီနှင့် လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ နေ့စဉ်တစ်ကြိမ် ပုံမှန် မြို့ပေါ် ရပ်ကွက်များနှင့် စျေးများ၊ လမ်းမကြီးများ၊ စစ်ဆေးရေးဂိတ်တို့တွင် “လက်ရှိအခြေအနေမှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စ ကြောင့် အပြင်ထွက်ခွာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင် ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါ ရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရသည်ဟု သံသယရှိ ပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြ ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အတွက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
လပွတ္တာ (ခရိုင်၊ ပြန်/ဆက်)