ပန်ဆောင် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင်ကျေးရွာအများစုက တစ်ပိုင်တစ်နိုင် ထပ်တရာပန်း စိုက်ပျိုးခြင်းကြောင့်ပုံမှန်ဝင်ငွေရရှိနေကြောင်း ကျေးရွာဒေသခံပြည်သူများ ထံမှသိရသည်။
ထပ်တရာပန်းအနီနှင့် အဝါနှစ်မျိုးကို အဓိကထားပြီး သီတင်းကျွတ်လမှတန်ဆောင်မုန်းလအထိ အိုးမကွာ၊ အိမ်မကွာရောင်းချလျက် ဝင်ငွေရရှိနေကြောင်းသိရသည်။
ဒေသခံကျေးရွာပြည်သူများမှာ ဆောင်းထပ်တရာပန်းကို အားထားစိုက်ပျိုးကြရာ ဇွန်၊ ဇူလိုင်လတွင် ပျိုးပင်များ ကိုဝယ်ယူစုဆောင်းကြပြီး ပျိုးပင် (၁၀၀) ခန့်စိုက်ပျိုးပါက မိသားစုအတွက်ဝင်ငွေရရှိပြီး ပန်းရှားသည့် ဒေသတွင် ပန်းပေါသည့် အပေါ်မူတည်ပြီး စျေးအတက်အကျရှိရာ ပန်းတစ်စီးတွင် ငွေကျပ် (၃၀၀) ပေးရပြီး ပန်ဆောင်မြို့မှ ထပ်တရာပန်း စိုက်ပျိုးသည့်လုပ်ငန်းသည် မိသားစုဝင်ငွေရရှိပြီး ထပ်တရာပန်းစိုက်ပျိုး လုပ်ကိုင်သူနှင့် ယာခင်းလုပ် ငန်းလုပ်ကိုင်သူများ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ဂျာယော်(ပန်ဆောင်)