ကျိုက်ဒုံမြို့၌ ​ပိုးကရင်ဘာသာ၊မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေး နှိုးဆော်မှုများ  ဆောင်ရွက်

ကျိုက်ဒုံ   ဒီဇင်ဘာလ  ၁

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျိုက်ဒုံ မြို့အမှတ် (၄) ရပ်ကွက်တွင် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ရောဂါအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စ ကြောင့်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာ သော ဧည့်သည်များအား လက်မခံပါရန်၊နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြော ခြင်း၊ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ် ရန်၊ အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း မိမိတို့၏လက်ကို ဆပ်ပြာနှင့် စက္ကန့်၂၀ ကြာအောင် စနစ် တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)