ငပုတော ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ်ဖြစ်သည့် ကမ်းနီကျေးရွာ ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၁ နာရီက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံရာတွင် ငပုတောမြို့နယ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျန်ရှိနေသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ စုစုပေါင်း (၂၅၀၀)ဦးကို စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ တတိယအသုတ် ဒုတိယအကြိမ်အဖြစ် ပြည်သူ (၁၅၀၀) ဦးကို နိုဝင်ဘာလ (၁၉) ရက်နေ့မှ( ၃၀) ရက်နေ့အထိ စုစုပေါင်း (၄၀၀၀ ) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပါသည်။ နောက်ထပ်ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာသို့ ကျေးရွာစီမံအုပ်ချုပ် ရေး အဖွဲ့က ကြီးကြပ်၍ ကျေးရွာကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နုနုအေး