မင်းပြား နိုဝင်ဘာ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နံနက်(၉)နာရီက မင်းပြားမြို့ရှိ အဆိုပါ သင်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမျိုးစိုးမိုးက သင်တန်းဖွင့် အမှာ စကားပြောကြားရာတွင် နယ်စပ်ဒေသအမျိုးသမီးငယ်များအတွက်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၌ သင်တန်းသူ များအားနယ် စပ်ဒေသတိုင်းရင်းသူလေးများ သက်မွေးကြောင်း ပညာရပ်များ အပြင်ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ထူထောင်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်း မွန်သည့် အမျိုး သမီးလေးများ ဖြစ်လာ စေရန် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက် မြက်စေရန်၊ အသိပညာ၊ အတတ်ပညာများ ပိုမိုထွန်းကား လာစေရန် ရည်ရွယ်ပြီးသင် တန်းသူများကို မွေးထုတ်လျက်ရှိကြောင်းသင်တန်း၌ သင်ကြား ပေးသော ပညာရပ် များအား လက်တွေ့နယ် ပယ်တွင် အကျိုးရှိစွာအသုံးချရန် လိုကြောင်း ပြောကြား သည်။ သင်တန်း ဖွင့်ပြီးနောက် သင်တန်း သူများ၏ လက်ရာများအား ကြည့်ရှုအား ပေးကြသည်။
အဆိုပါအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ် တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းကို နိုဝင်ဘာ (၃၀ )ရက်မှ မတ်လ(၃၁)ရက် နေ့ထိ ရက်သတ္တ(၁၈)ပတ်ကြာသင်ကြားပို့ချခဲ့ကြောင်းနှင့် နယ်စပ်ဒေသရှိတိုင်း ရင်းသူအမျိုး သမီး ငယ် (၄ဝ)ဦးလာရောက်သင်ကြားပြီး အမျိုးသမီး ဘဝ ရပ်တည်ရေးအတွက် အလုပ် အကိုင်အခွင့် အလမ်း ရရှိလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြု မည်ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်(ပြန်/ဆက်)