လဟယ် နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)၊ ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန် က လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က လဟယ်အမျိုးသမီး သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁)မှ(၃၅)ထိ သင်တန်းသူ (၂၆၀)ဦး၊ အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁)မှ (၃၉)ထိ သင်တန်းသူ (၈၂၈)ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် (၁)မှ (၁၅)ထိ သင်တန်းသူ (၁၁၃)ဦး၊ သိုးမွေးစက်သင်တန်းအမှတ်စဉ် (၁)မှ(၁၇)ထိ (၈၇)ဦးနှင့် ကြိမ်ဝါးသင်တန်းအမှတ်စဉ် (၁) တွင် သင်တန်းသူ (၂)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၁၃၅၄)ဦးကို သင်တန်းကျောင်းမှ မွေးထုတ်ပေးထားသောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၃)တွင် သင်တန်းသူ (၂၅)ဦးနှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၆)တွင် သင်တန်းသူ (၅)ဦးစုစုပေါင်း သင်တန်းသူ (၃၀)ဦးအား နိုဝင်ဘာလ(၃၀)ရက်မှ ၂၀၂၂-ခုနှစ် မတ်လ (၃၁)ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၁၈)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပါမင်းလှိုင် (လဟယ်)