မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြဝတီ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ခရိုင်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မြန်ပြီးစီးနိုင်ရေးဆောင်ရွက် ရန်ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က  ပန်းခင်းစီမံချက်ဖြင့်  အခြေခံမဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေးညွှန်ကြားချက်နှင့်အညီ ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှစတင်ဆောင်ရွက်ရာ ၂၀၂၁ ခုနှစ်ဒီ ဇင်ဘာလကုန်တွင် ရာနှုန်းပြည့်ပြီးစီးနိုင်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြဝတီ မြို့သည် နယ်စပ်မြို့ဖြစ်သဖြင့် ရွှေ့ပြောင်းသွားလာသူများရှိရာ အိမ်ထောင်စုလူဦးရေး သန်းခေါင် စာရင်း အသစ်လိုအပ် ချက်အရလူဝင်မှုပုံစံလေးမျိုးဖြင့်  စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က     ရပ်ကွက်/ ကျေးရွာများမှ  အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်း ကောက်ခံယူလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးဦးကျော်စိုးထွန်းက ပန်းခင်းစီးမံချက်ဖြင့် ရက်ကွက်/ကျေးရွားများအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာ ယနေ့အထိ ၄၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြာင်း တင်ပြဆွေးနွေးသည်။

အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ်ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)