နတ်မောက်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

နတ်မောက်   နိုဝင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တမာပင်အုပ်စု ကွင်းအမှတ် ၄၇၆(ခ)  တောင်သူ ဦးညွန့်ဝင်း၏ မိုးစပါးစံပြကွက် ဆင်းသုခ(၅)ဧက စိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်း ခဲ့ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ  ၆ ဒဿမ ၆ ပေ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း (၁၁၃) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်တွင် ရေနည်းလမ်းအလိုက် မိုးစပါးစိုက်ပျိုးပြီးစီးမှု   အစိုးရ ဆည်/ကန်ရေဖြင့်  ၂၆၃၁ ဧက၊ ဆည်/ကန် ငယ်ရေဖြင့် ၂၂၃၄ ဧက၊ မိုးရေသောက်  ၁၁၆၃၈ ဧကစုစုပေါင်း ၂၁၅၀၃ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်