ရွှေဘို နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ မိုးစပါးများ အောင်မြင်ဖြစ်ထွန်း နိုင်ရေးအတွက် ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်းများကို စိုက်ကွင်းများအရောက် ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
ထိုသို့ ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်းများကို သက်ဆိုင်ရာ နည်းပညာ ပြန့်ပွှားရေး စင်တာများရှိ ကွင်းဝန်ထမ်းများဖြင့် နှစ်စဉ်ကျရောက်လေရှိသော ဆစ်ပိုးများ၊ ဖြုတ်ပိုးများ ကျရောက်မှု ရှိ/မရှိ ကိုကွင်းဆင်း၍ ကင်းထောက်မှတ်တမ်းများ ကောက်ယူပြီး ပိုးမွှားရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် လိုအပ်မှသာ ပိုးသတ်ဆေးများကို အသုံးပြုရန်နှင့် ထိုသို့ ပိုးသတ်ဆေးသုံးစွဲရာတွင်လည်း ဖျက်ပိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည့် ပိုးသတ်ဆေး အမျိုးအစားများကို ရွေးချယ်အသုံးပြု၍ နှုန်းထားမှန်ကန်စွာ အသုံးပြုရန်လည်ကောင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း စနစ်များကို လိုက်နာဆောင်ရွက်ကို လည်ကောင်း၊ လိုအပ်ပါက ထပ်မံ၍ တောင်သူများ စိုက်ကွင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက ပြောကြားသည်။
ယခုနှစ်၌ ရွှေဘိုမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၁၆၈၇၈)ဧက စိုက်ပျိုးထားနိုင်ခဲ့သည့် အနက် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း)စပါးမျိုးကို ဧက(၉၇၂၈၄)ဖြင့် စိုက်ဧကအများဆုံးနှင့် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) မျိုးသန့်ပွှားများရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးသန့်မျိုးပွှားမျိုးစေ့ (RS to CS) ဧက(၁၀၄၀)စိုက်ပျိုးနိုင်ခဲ့ကြောင်း ၎င်းထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)