ထန်းတပင် နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများတပ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာ နေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း (MaskCampaign)ကိုယနေ့ နံနက်( ၈ ) နာရီက လူစည်ကားရာ မြို့တွင်း လမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ ပူးပေါင်း၍ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်း စည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း(Mask) အခုရေ (၁၀၀၀)ကိုအခမဲ့ ဖြန့်ဝေပေးခဲ့သည်။