ပေါက်ခေါင်းမြို့ မီးသတ်စခန်းနှင့် နယ်မြေစခန်းများသို့ ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မီးသတ်ဦးစီးမှူးတို့သည် ပေါက်ခေါင်းမြို့ မီးသတ်စခန်း၊ တောင်လည် နယ်မြေ၊ တာကောက်နယ်မြေ မီးသတ်စခန်းများသို့ ယမန်‌နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များအား ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း၊ မီးသတ်ယာဉ် /စက်ပစ္စည်းကိရိယာများ စစ်ဆေးခြင်း၊ ရုံးခန်းစာရွက်စာတမ်းဖိုင်များ မှတ်တမ်းများ အသုံးအဆောင် ပစ္စည်းများစစ်ဆေးခြင်း၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ စစ်ဆေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ မီးငြှိမ်းသတ်ရေးစွမ်းရည် (၄)ရပ် ထက်မြတ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် စခန်းသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို စစ်ဆေးရေးဆောင်ရွက်ခဲ့ပြီး  ပြည်ခရိုင်မီးသတ်ဦးစီးမှူးသည် တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား တွေ့ဆုံ၍ ဌာန၏ညွှန်ကြားချက်များအတိုင်း စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် မိသားစုအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင်သွားကြရန် ပြောကြားခဲ့ ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)