ကော့ကရိတ် နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီဌာနဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်း၌ သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါကနှာခေါင်းစည်း Maskတပ်ဆင်ရန်၊တစ်ဦးနှင့် တစ်ဦးခြောက်ပေ အကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းရှောင်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်အနည်းဆုံးစက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးရန်၊ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီးဆေးကုသမှုခံယူရန် စသည့် အချက်များကိုအသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)