နန်းယွန်း နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)နှင့် ရိုးရာဂျပ်ခုတ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အိမ်တွင်းမှု သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင် က အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက သင်တန်းကာလတွင် အသုံးပြုနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား သက်ဆိုင်ရာ သင်တန်းကျောင်းသို့ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းကျောင်း၌ ခင်းကျင်း ပြသထားရှိမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၂၅)ဦးနှင့် ရိုးရာဂျပ်ခုတ် သင်တန်းသူ(၅)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အား သင်ကြားပို့ချပေး သွားမည်ပြီး သင်တန်း ကာလမှာ နိုဝင်ဘာလ(၃၀)ရက်မှ ၂၀၂၂-ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ (၄)လကြာမြင့်မည် ဖြစ်ကြောင်း မြို့နယ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သိရသည်။
ဟန်ကမ်း(နန်းယွန်း)