နတ်မောက် နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းများ မှ ကလေးငယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ်ရိုက်ကူးလွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့လွှင့်တင်ပေးရာတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝင်းမေထွန်း (စာထောက်-၃) မှ ကျောင်းသား/သူ လူငယ်လေးများအား သိတက်လိမ္မာယဉ်ကျေးပြီး ရိုသေလေးစားပြုမူပြောဆို ဆက်ဆံတက်စေရန် လူမှုဆက်ဆံရေးအရည်အချင်းများ ပြည့်ဝလာစေရန်အတွက် ယနေ့နံနက်ပိုင်းက တက်တိုး ရေးသား ပြုစုသော “စာဖတ်စည်းစိမ်” စာအုပ်အား Online မှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကလေးငယ်များအတွက် အသိပညာပေး ဗဟုသုတရရှိစေရန် ပုံပြင်ပြောဆိုခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ စာပေဝါသနာရှင်စာဖတ် ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်း စသည့်အသိပညာပေးအစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိပြီး နတ်မောက်မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက် Online Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
လှဝင်း