ဓနုဖြူ နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦးမှ မြို့နယ်လုံခြုံရေးအထူးသတိရှိကြရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး၊ မြို့နယ် ဆရာဝန်ကြီး၊ မြို့နယ်လျှပ်စစ်၊ မြေစာရင်း ဦးစီးဌာနတို့မှ လုပ်ဆောင်ရွက်ချက်များ၊ ဆောင်ရွက်ရမည်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)