ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန်  ရည်ရွယ်၍ Hand Speakerဖြင့် ကျေးရွာအရောက် လိုက်လံအသိပေးနှိုးဆော်မှု ဆောင်ရွက်

 

ပိုင်ကျုံ   နိုဝင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေးပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းအချိန်က  ပိုင်ကျုံမြို့အတွင်းရှိ  ကစိုကျေးရွာအုပ်စု ယာသီကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။    

အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။  သို့မှသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ  လက်မခံကြပါရန်နှင့်  မိမိတို့ကလည်း   အခြားသူ များထံ  သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်း စည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါ ရန်၊   လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊  ကိုင်တွယ်ခြင်းနှင့်  ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက် ခံရပါကဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို  မိမိတို့ အတွက်အကောင်းဆုံးဖြစ်၍  ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီး သော်လည်း  ရောဂါကာကွယ်ရေး နည်းလမ်းများကို   ဆက်လက်လိုက်နာပါ၊     ရောဂါကာကွယ် ရေးနည်းလမ်းများကို   မိဘပြည်သူများအားလုံးက   ကိုယ်စီလိုက်နာကြပြီး   ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များပါဝင်သည်။

ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်ဝန်ထမ်းတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှိုးဆော်ချက် များအား အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)