ကျိုက်ဒုံ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက်၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ မှ ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စ ကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာ သော ဧည့်သည်များအားလက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြော ခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ် ရန်၊ အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း မိမိတို့၏လက်ကိုဆပ်ပြာနှင့် စက္ကန့်၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)