ပိုင်ကျုံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲက ပိုင်ကျုံနယ်မြေ မီးသတ်ဦးစီး ဌာနက လိုက်လံစစ်ဆေးခဲ့ကြသည်။
ပိုင်ကျုံနယ်မြေ မီးသတ်ဦးစီးဌာနမှ ဒုတိယလက်ထောက် မီးသတ်ဦးစီးမှူး ဦးစောထီးမူးဂျူးက ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကင်းစီစဉ်ဆောင်ရွက်ထားရှိမှုများ လိုက်လံစစ်ဆေးဆောင်ရွက်ပြီး သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိ သူများကို ရပ်ကွက်များရှိ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေး ဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေးအတွက် ရပ်ကွက်များအရောက် လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)