ညောင်တုန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က နတ်ပေးကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ နတ်ပေးကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်(၂၀၀)ခုနှင့် အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၀)ခု၊ ချောင်းကြီး ကျေးရွာအုပ်စုတွင် အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၀၅)ခု ကိုကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်ဆက်)