မြောင်းမြ နိုဝင်ဘာ ၂၉
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယနေ့ နံနက်(၉) နာရီက မြောင်းမြမြို့နယ် ဒရယ်ပေါက်ကျေးရွာ ဓမ္မသုခဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ လ/ထလဝကမှူး ဦးသူရအောင်နှင့် ဝန်ထမ်းများက ကံကော်မြိုင်ရပ်ကွက်အတွင်းရှိ ပြည်သူ များမှ အသက်(၁၆)နှစ်အောက် (၇)ဦး၊ အသက် (၁၆-၁၈)နှစ် (၁၃)ဦး၊ အသက် (၁၈)နှစ်အထက် (၁၄)၊တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၄၃)၊ မိတ္တူ(၅၃) စုစုပေါင်း (၁၃၀) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စန္ဒာကြည်