အရာတော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

အရာတော်   နိုဝင်ဘာ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အကြောင်း အသိ ပညာပေး Talk Show ကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီမြင့်က Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်သူများအဖွဲ့အဖွဲ့ဝင် ဦးမျိုးညွန့် က၂၀၂၁ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်း အသိပညာပေး ဆွေးနွေးရာတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ကျွန်သပေါက်အဖြစ် ထီးကျိုးစည်ပေါက် ကျရောက်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စာပေများ၊ မျိးချစ်စိတ်များ ပျောက်ကွယ်အောင် ကြံစည်ခဲ့ပုံ၊ မြန်မာနိုင်ငံသား ကျောင်းသားအများစု ပညာသင်ကြားနိုင်မည့် တက္ကသိုလ်၊ ကောလိပ်မထားဘဲ အိန္ဒိယ လက်အောက်ခံ ကောလိပ်နှစ်ခုသာ ထားရှိခဲ့ပုံ၊ တက္ကသိုလ်အဆင့် တိုးမြှင့်ပေးမည်ဆိုသော်လည်း မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာ သင်ကြားခွင့် ကန့်သတ်ပိတ်ပင်ရန် ရည်ရွယ်ပြဋ္ဌာန်းထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုအတည်ပြုပြဌာန်းရန်ကြံစည်ခဲ့ပုံ၊ ကိုလိုနီပညာရေးစနစ်ကို လက်မခံနိုင်ခဲ့ကြသည့် မျိုးချစ် မြန်မာလူမျိုးကောလိပ်‌ကျောင်းသားများက ၁၉၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို စတင်ဆန္ဒပြ သပိတ်မှောက်ခဲ့သည့် ကျောင်းသားသပိတ်မှ အစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ လူထုတစ်ရပ်လုံး နယ်ချဲ့ဆန်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန်ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေးရယူခဲ့ရာမှ ယနေ့အထိ ပြည်သူများ၏စိတ်နှလုံးတွင် အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းခဲ့သည်မှာ ၁၀၁ နှစ်တိုင်တော့မည်ဖြစ်ပြီး တစ်ဆက် တည်းမှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားနေ့ ဦးတည်ချက်များ ချမှတ်ကာ “နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသော ဆောင်ပုဒ်နဲ့အညီ အမျိုးသားနေ့ အောင်ပွဲမှသည် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ် ရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)