ပန်းတနော် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကလေးကျေးရွာအုပ်စုတွင် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) သီးညှပ်သရုပ်ပြ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) သီးညှပ်စိုက်ပျိုးရေးနည်းစနစ်များ သရုပ်ပြစိုက်ပျိုးပေးခြင်းနှင့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)