သာပေါင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရများဆုချီးမြှင့်

သာပေါင်း နိုဝင်ဘာ ၂၉

သာပေါင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ဖတ်ကြားခဲ့သည်။

ထို့နောက် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဂုဏ်ပြုကာ အခမ်းအနားပြီးစီးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်