ဖျာပုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး( Talk Show) ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသား လူငယ်များနှင့် အများပြည်သူများ အမျိုးသားအောင်ပွဲနေ့ကို သတိတရ အမှတ်ရစေရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေရေးတို့ကို ရည်ရွယ်၍ နိုဝင်ဘာလ (၂၈)ရက်နေ့နံနက်()နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Showတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မာမာလွင် က(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားပြီး ဖျာပုံမြို့နယ်စာအုပ်စာစောင်၊ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးမိုးအောင်ထွန်း မှ အမျိုးသားရေးလှုပ်ရှားမှုများနှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်း၊ မြန်မာတို့ရဲ့ ဇာတိနှင့် အစဉ်အလာ၊ ကျူးကျော်စစ်ပြုခံခဲ့ရပုံနှင့် လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးလုပ်ငန်းများနေ့စဥ်ဆောင်ရွက်ပေးလျက်ရှိရာ၊လူမှုကွန်ယက် စာမျက်နှာတွင် အများပြည်သူ မှတ်သားဖွယ်ရာများ၊ အသိပညာပေးကဏ္ဍများ၊ နိုင်ငံတော် ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်