ဝါးခယ်မြို့နယ်၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အခမ်းအနားကျင်းပ

ဝါးခယ်မ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ပိုက်မိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ကျောင်းသား/သူ များက “ဇာတိမာန်” သီချင်းအားသီဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်ကနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ/နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ကျောင်းသား/ သူများက မြန်မာ့ကျောင်း” သီချင်းအား သီဆို၍  အခမ်းအနားအားပိတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူး ဒေါ်သန္တာအောင်နှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း(၄၅)ဦးတက်ရောက် ခဲ့ကြောင်းသိရသည်။

စောသန္တာဦး