ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယမန်နေ့က ဇီးဖြူကုန်း ကျေးရွာသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့ နယ်ဦးစီးမှူး ဦးသိန်းလွင်၏ ကြီးကြပ်မှုဖြင့် ဒု-လ ဝကမှူး ဦးအောင်မြင်းထူးနှင့်ဝန်ထမ်းများက ဇီးဖြူကုန်းကျေးရွာအတွင်းနေထိုင်ကြသော ပြည်သူများ နှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီးရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိမွေးဖွားရာဇာတိတွင် အမြဲနေထိုင်၍အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင် ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာအတွင်းနေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ အသက် (၁၀) နှစ်ပြည့်(၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၂၃)ဦး၊ မှတ်ပုံတင်လဲလှယ်သူ(၁၁)၊ မိတ္တူ(၁၃)စုစုပေါင်း(၅၉)ဦး တို့ကို ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ချိုချိုဝင်း