နာဂဒေသ၊ ပန်ဆောင်မြို့၌ (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ဂုဏ်ပြုကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ

ပန်ဆောင် နိုဝင်ဘာ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Commuity center ခန်း၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က ကျင်းပခဲ့‌ကြောင်းသိရသည်။

အထက်တန်းအဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့လူငယ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊အလယ်တန်းအဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့ တို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ကဗျာပြိုင်ပွဲတွင် အမျိုးသားနေ့တို့မမေ့၊ စာစီစာကုံးပြိုင်ပွဲတွင်အမျိုး သားအောင်ပွဲတို့ဆင်နွှဲခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ရာ ပန်ဆောင်မြို့နှင့် နောင်ယန်းကျေးရွာရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၁၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြား ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ လမ်းညွှန်ချက်များနှင့်အညီ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဂျာယော်(ပန်ဆောင်)