လပွတ္တာ ၊နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီ အချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင် ထံမှ(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ကိုဖတ်ကြားသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အထက(၂)ကျောင်းသူ၊ကျောင်းသားများမှ အမျိုးသားနေ့ သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပေးပြီးဇာတိမာန် သီချင်းဂုဏ်ပြုသီဆို ကြသည်။ အခမ်းအနားသို့ မြို့နယ် အထက၊အလ ကကျောင်း များမှဆရာ၊ဆရာမများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
လပွတ္တာ ခရိုင်(ပြန်ဆက်)