ရှမ်းရွာသစ်မြို့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေ

ရှမ်းရွာသစ်      နိုဝင်ဘာ(၂၈)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အ ကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့တွင်ကျရောက်သော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ပေါ်ရပ် ကွက်များရှိ ဒေသနေပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာ စီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး ၊ အမျိုးသား ရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အစရှိသော အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့်ရေးသား သော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ် သက်သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရှိရသည်။

အေးအေးနွဲ့