ဇလွန်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ဇလွန်     နိုဝင်ဘာ     ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အထက(၁)ဇလွန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကိုကျောင်းသား၊ ကျောင်းသူကလေးများမှ အမျိုးသားနေ့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပေးပို့သော (၁၀၁)နှစ်မြောက်အမျိုးသားနေ့ သဝဏ်လွှာ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဖတ်ကြားခဲ့သည်။ ယင်းနောက် (၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူကလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

 

ဝေယံ