မင်းဘူး နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသူများ လာရောက်ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက် မော်တော်ယာဉ်များဖြင့် သတိပေး နှိုးဆော်ရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကိုဗစ်ဆေး တစ်ကြိမ်မျှ မထိုးသေးသော လုပ်သားပြည်သူများ အနေဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့မှစ၍ မင်းဘူးမြို့ ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာတို့တွင် ကိုဗစ်-၁၉ ရေဂါ ကာကွယ်ဆေး Phase-4 ပထမအကြိမ် ထိုးနှံခြင်းကို မပျက်မကွက် လာရောက်ထိုးနှံကြရန် အသံချဲ့ စက်ယာဉ်များဖြင့် လိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဤသို့ အသိပေး နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပူးပေါင်းအဖွဲ့က မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ဇေယျာထက်