အောင်လံ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ငြုပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုလဝကမှူး ဦးဇာနည်းစိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်မှုတွင် ရှေ့ပြေး လျှောက်လွှာ ဖြည့်သွင်းခြင်း၊ နိုင်(၂)ဖြည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ အမှုတွဲ တည်ဆောက်ခြင်း၊ သွေးအမျိုးအစား စစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ငြုပ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအားနိုင်၃က(၂၂)ဦး၊ နိုင်၆က(၂၃)ဦး၊ လဲလှယ်(၁၅)ဦး၊ မိတ္တူ(၁၉)ဦးစုစုပေါင်း(၇၉)ဦး တို့အားပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း